Implementation of Burma’s Vacant, Fallow and Virgin Land Management Law - မြန်မာနိုင်ငံ၏ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေ အကောင်အထည်ဖော်မှု၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှု အလားအလာ

Description: 

''ငြိမ်းချမ်းရေး တိုးတက်ဖြစ်ထွန်းမှုကို အထောက်အကူပြုရန်အတွက် လူထုလူတန်းစားများ၏ မြေ ယာရပိုင်ခွင့်အခွင့်အရေးများကို မဖြစ်မနေအကာအကွယ်ပေးရမည်။ မြန်မာနိုင်ငံတော်အစိုးရ၏ မြေယာမူဝါဒအပေါ် ချဉ်းကပ်မှုပုံစံသည် မြေယာပဋိပက္ခများ တိုးပွားလာ စေပြီး တရားဝင်ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းရာ၌ လက်ရှိကြုံတွေ့ရလျက်ရှိသည့် စိန်ခေါ်မှုများကို ပိုမို ဖိတ်ခေါ်လျက်ရှိသည်။ အရပ်ဖက်လူမှုအဖွဲ့အ စည်းများကလည်း လတ်တလောပြင်ဆင်ခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေ (VFV မြေယာဥပဒေ)ကို အကောင်အထည်ဖော်ခြင်းဖြင့် ကျေးလက်နေလူထုလူတန်းစားများကို ၎င်းတို့၏ ဘိုးဘွားပိုင်နယ်မြေများမှ နေရပ်စွန့်ခွာတိမ်းရှောင်ရစေပြီး ဓလေ့ထုံးတမ်းဆိုင်ရာ မြေယာ ရပိုင်ခွင့်အခွင့်အရေးများ ချိနှဲ့အားနည်းသွားစေရန် တွန်းအားပေးလိမ့်မည်ဟူသည့် ကြောင်းကျိုးဆီ လျော်သည့် စိုးရိမ်ပူပန်မှုပေါ်အခြေခံ၍ အကောင်အထည်ဖော်မှုကို အပြင်းအထန်ကန့်ကွက်လျက် ရှိသည်။ 1 နေပြည်တော်၏ ဥပဒေပြုပြင်ပြောင်းလဲမှုသည် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ရည် မှန်းချက်နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ ကတိကဝတ်များနှင့် ဆန့်ကျင်သွေဖယ်လျက်ရှိကြောင်း ဤအချက်က သက်သေပြလျက်ရှိသည်။ ထို့အပြင် NCA ၌ သ ဘောတူလက်မှတ် ရေးထိုးထားခြင်းမရှိသေးသည့် နယ်မြေဒေသပေါင်းများစွာလည်း ကျန်ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် အစိုးရတစ်ရပ်အနေဖြင့် အပြောင်းအလဲဆီသို့ ဦးတည်ချဉ်းကပ်ရာ၌ မြေယာ ရပိုင်ခွင့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရန်နှင့် ငြိမ်းချမ်းရေးတိုးတက်ဖြစ်ထွန်းလာ စေမည့် ယုံကြည်မှုတိုးတက်ခိုင်မာလာအောင် တည်ဆောက်သွားရန် မဖြစ်မနေလိုအပ်ပါသည်။...''

Creator/author: 

Jason Gelbort

Source/publisher: 

Transnational Institute (TNI)

Date of Publication: 

2019-01-07

Date of entry: 

2019-01-21

Grouping: 

  • Individual Documents

Category: 

Geographic coverage: 

    • Myanmar

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ), English

Format: 

Size: 

Resource Type: 

text

Text quality: 

    • Good